မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်းအတွက် အရေးပေါ်သုံးယာဉ် ( ၃ )စီးကို ၀ယ်ယူရန်အတွက် အသင်း၏ နာယက ဖြစ်သူ ဦးဘိုလေး နှင့် ဦးထွန်းနေဦး တို့မှဆွေးနွေးတိုင်ပင် နေလျှက်ရှိပါသည်။
( ၂-စီးဝယ်ယူရန် စီစဉ်လျှက်ရှိသော ကား )
အသင်းအနေဖြင့် ယခုကဲ့သို့ အရေးပေါ်သုံး ယာဉ်များကို ၀ယ်ယူရန်အတွက် ၂၀၁၂ခုနှစ် ဇူလိုင်(၁၅)ရက်နေ့တွင်ပြုလုပ်ခဲ့သောနာယကများနှင့် ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ
ဆွေးနွေးပွဲမှ ကော်မတီဝင်များနှင့် နာယကတို့၏ အပြန်အလှန်ဆွေးနွေးမှုမှ အတည်ပြုခဲ့ကြခြင်းဖြစ်ပါသည်။
ယခုအခါ အရေးပေါ်သုံးယာဉ်ကို ၀ယ်ယူရန် လိုအပ်သည့်အရာများအတွက် အသင်း၏ နာယက နှစ်ဦးမှ တိုင်ပင်နေလျှက်ရှိပါသည်။
အထက်ပါ ကားပုံစံမှာ ၀ယ်ယူရန်အတွက် နမူနာပြထားခြင်းဖြစ်ပါသည်။

မကြာမှီတွင် အသင်းအနေဖြင့် အရေးပေါ်သုံးယာဉ်အား ၀ယ်ယူနိုင်တော့မည်ဖြစ်ပါသည်။
မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်း