အသင်းဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ


မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း
အသင်းဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ


၁။   မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းကို ၀င်ရောက်လိုပါက အတူနေအိမ်ထောင်စုစာရင်း မူရင်းပြ၍ မိတ္တူတစ်စောင်ပေးရမည်။ အိမ်ထောင်စုစာရင်းမရှိပါက
သာရေး/နာရေးကော်မတီမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးပြီး အသင်းဝင်အဖြစ် ဆုံးဖြတ်အတည်ပြုမည်ဖြစ်ပါသည်။

၂။   ၁.၂.၂၀၁၀ရက်မှစ၍ အသစ်ဝင်သော အသင်းသားများသည် အသင်းဝင်ကြေးရံပုံငွေ(၃၀၀-ဘတ်)ကို ပေးသွင်းရမည်။ အသင်းဝင်မိသားစု တစ်စုလျှင်
လစဉ်ရံပုံငွေအဖြစ် (၅၀-ဘတ်)ကို ပုံမှန်ထည့်ဝင်ရမည်။ အကယ်၍ ရံပုံငွေထည့်ဝင်ရန် (၃)လနှင့်အထက် ကျော်လွန်ပျက်ကွက်ပါက အသင်းသားအဖြစ်မှပယ်ဖျက်ပါမည်။

၃။   အသင်းဝင်များအတွက် အသင်းစတင်ဝင်ရောက်သည့်ရက်မှ နောက်(၃)လပြည့်မှသာလျှင် နာရေးကူညီငွေကို ခံစားခွင့်ရှိမည်။

၎။   သာရေး/နာရေးအသင်းဝင် မိသားစုအိမ်ထောင်ဦးစီးနာရေးဖြစ်လျှင် နာရေးကူညီငွေ (၁၀၀၀၀ - တစ်သောင်း)ဘတ်နှင့် မိသားစုဝင်များနာရေးဖြစ်လျှင်  နာရေးကူညီငွေ(၈၀၀၀)ဘတ်ကို ကူညီပေးမည် ဖြစ်သည်။ မဏ္ဍပ်၊ စားပွဲ၊ ထိုင်ခုံများလည်း ကူညီပေးမည်။ နာရေးဖြစ်ပေါ်ပါက သာရေး/နာရေးကူညီမှုအသင်းရုံးသို့ မိမိတို့၏ အသင်းဝင်စာအုပ် ဖိတ်စာနှင့်အတူ လာရောက်အကြောင်းကြားရမည်။

၅။   (၁)နှစ်မှ (၁၀)နှစ်အတွင်း ကလေးငယ်များ နာရေးဖြစ်လျှင် ( ၃၀၀၀ )ဘတ်နှင့် (၁၀)နှစ်မှ(၁၅)နှစ်အတွင်း နာရေးဖြစ်လျှင် (၅၀၀၀)ဘတ် ကူညီထောက်ပံ့ပေးရန်
အိမ်ထောင်စုစာရင်းတွင် မွေးတိုးအမည်ထည့်သွင်းထားသော ကလေးငယ်များသာ အကျုံးဝင်သည်။

၆။   မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းဝင် မိသားစုမှ မှီခိုနေထိုင်သူများ နေရပ်ပြန်ခြင်း၊ ခရီးထွက်ခြင်း၊ ဆေးကုသွားရောက်ခြင်းများရှိလျှင် သာရေး/နာရေးအသင်းရုံးသို့ အကြောင်းကြားရမည်။ အကြောင်းကြားခြင်းမရှိပါက သာရေး/နာရေးအသင်းမှ (လုံးဝ)ခံစားခွင့်ပြုမည်မဟုတ်ပါ။ အကြောင်းကြားထားသောအသင်းဝင်တစ်ဦးသည် ရပ်ဝေး၌ နာရေးဖြစ်ပေါ်ပါက အထောက်အထားခိုင်လုံစွာ တင်ပြရမည်။

၇။ အသင်းဝင်မိသားစုအဖြစ် သတ်မှတ်ရာတွင် (အတူနေ နှစ်ဖက်မိဘများ၊ ခင်ပွန်း/ဇနီးနှင့်သား/သမီး)များသာ ဖြစ်သည်။ အသင်းဝင်မိသားစုအပြင် ကျန်အတူနေမိသားစုဝင်များဖြစ်သော ( အဖိုး/အဖွား/ညီ/အစ်ကို/အစ်မ/ယောက္ဖ/ခဲအို/ခယ်မ/မရီး/တူ/တူမ)စသည်တို့နှင့် ပတ်သက်၍ နာရေးဖြစ်ပေါ်လာလျှင် နာရေးကူညီငွေ(၅၀၀၀)ဘတ်သာ ကူညီမည်ဖြစ်သည်။

၈။  မိမိကိုယ်ကိုယ်မိမိသေကြောင်းကြံစည်ပြီး သေဆုံးခြင်းများအား နာရေးကူညီငွေခံစားခွင့်မပြုပါ။

ကော်မတီအဖွဲ့
မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း