Monday 20 May 2013

မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းမှ ဦးအောင်ရွှေ အသက်(၉၆)နှစ်၏ နာရေးကိစ္စအား ကူညီဆောင်ရွက်


  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းဝင်ဖြစ်သည့်
ဦးအောင်ရွှေ -အသက်(၉၆)နှစ်၊    ဆန်ဆိုင်းဝန်ထမ်းအိမ်ယာ(အေ-၁၉)နေသူသည် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားသဖြင့် (၂၀-၅-၂၀၁၃)ရက်နေ့တွင် နေအိမ်မှမြို့မသုဿန်သို့ ပို့ဆောင်ရာတွင်  မေတ္တာရှင်သာရေး/နာရေး  အသင်း နာယက ဦးစိုင်းကျော်ဇံ ၊ ဥက္ကဌ ဦးဘိုစံ နှင့်ကော်မတီများ၊   အသင်းဝင်(၃၀)ဦးမှ နာရေးပို့ဆောင်ခြင်း၊ နာရေးအသင်းဝင်သတ်မှတ်ငွေ ထိုင်းဘတ်(၁၀၀၀၀)ကို နာရေးကူညီငွေအဖြစ် ပေးအပ်ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။







     အဆိုပါ အသင်းဝင်နာရေးတွင် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းအနေဖြင့် နာရေးတွင် လိုအပ်သည်များကို ကူညီပေးခြင်း၊ မိုးကာတဲများ၊ စားပွဲများ၊ ထိုင်ခုံများ အခမဲ့ကူညီပေးခြင်း နာရေးညစောင့်(၈)ဦးဖြင့် မိုးအလင်းပေါက် ကူညီစောင့်ရှောက်ပေးခြင်းဖြင့် နာရေးကူညီမှုအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

Sunday 30 December 2012

အေးမြစည်အောင်သီလရှင်ကျောင်းတိုက် မှ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေ လှူဒါန်း

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့ နံနက်(၁၁)နာရီက Top လက်ဖက်ရည်ဆိုင်၏ မင်္ဂလာခန်းမမှာ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။


မြန်မာငွေ (၁၀)သိန်းကျော် နှင့် ညီမျှသော ထိုင်းဘတ်ငွေ(၄၀၀၀၀)ကို  တာချီလိတ်မြို့ တော်ကော့ရပ်ကွက်ရှိ အေးမြစည်အောင်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ကြီးများဖြစ်ကြသော ဒေါ်ခေမာစာရီ နှင့် ဒေါ်အေးသိင်္ဂီတို့မှ တာချီလိတ်မြို့တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အသင်းတခုဖြစ်သည့် မေတ္တာရှင် သာရေး/နာရေးအသင်းအနေဖြင့် လူမှုအကျိုးကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ရည်စူးကာ လာရောက် လှူဒါန်းတာဖြစ်ကြောင်း သိရပါတယ်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း
web: http://mts.tachileik.net
မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

Monday 22 October 2012

အသင်းဝင်အမှတ်(၂၁၆)ရှိ သေဆုံးသူ ဦးခေါ်ခန့် ၏ နာရေးအတွက် အသင်းမှ (၁၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၂၁၆)၀င် ဦးခေါ်ခန့်သည် ၁၈.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို အသင်း၏ ဥက္ကဌ ဦးဘိုစံ နှင့် အတွင်းရေးမှူး ဦးကျော်စွာဝင်းတို့မှ ၂၂.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။




မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၉၃၁)ရှိ သေဆုံးသူ ကိုသက်နိုင်၏ နာရေးအတွက် အသင်းမှ (၁၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၉၃၁)၀င် ကိုသက်နိုင်သည် ၁၂.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို အသင်း၏ ဒု-ဥက္ကဌ ဦးအောင်အောင် နှင့် အတွင်းရေးမှူး ဦးကျော်စွာဝင်းတို့မှ ၁၂.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။



ထို့အပြင် ဆိုင်ကယ်အစည်းအရုံးအသင်း၏ ဥက္ကဌ ဦးဘိုစံ နှင့် ဆိုင်ကယ်တိုင်စီ(Taxi)အဖွဲ့သားများမှ စုပေါင်း၍ နာရေးကူညီငွေ (၁၃၃၆၀)ဘတ်လည်းကောင်း နောက်တိုးငွေ(၇၂၀)ဘတ်လည်းကောင်း စုစုပေါင်း ငွေ(၁၄၀၈၀)ဘတ် ကို သေဆုံးသူ ကိုသက်နိုင်၏ မိသားစုဝင်ထံသို့ နာရေးကူညီငွေအဖြစ် ပေးအပ်ကူညီခဲ့ကြပါသည်

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၃၉၀)ရှိ သေဆုံးသူ ဒေါ်နန်းအို့၏ နာရေးအတွက် အသင်းမှ (၈၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၃၉၀)၀င် ဒေါ်နန်းအို့သည် ၁၀.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၈၀၀၀) ဘတ် တိတိ ကို အသင်း၏ အလုပ်အမှုဆောင် ဦးသောင်းဖေ နှင့် ဦးမြင့်ချိုတို့မှ ၁၂.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။
မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၃၁၁)ရှိ သေဆုံးသူ ဒေါ်ကြည်မြင့်၏ နာရေးအတွက် အသင်းမှ (၈၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၃၁၁)၀င် ဒေါ်ကြည်မြင့်သည် ၈.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၈၀၀၀) ဘတ် တိတိ ကို အသင်း၏ အလုပ်အမှုဆောင် ဦးရှမ်းဘို နှင့် ဦးတင်မောင်လေးတို့မှ ၁၀.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။
မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၉၂၂)ရှိ သေဆုံးသူ ဦးဆမ်ယီ၏ နာရေးအတွက် အသင်းမှ (၁၀၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၉၂၂)၀င် ဦးဆမ်ယီသည် ၃.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို အသင်း၏ အတွင်းရေးမှူး ဦးကျော်စွာဝင်း နှင့် ၀မ်မိုင်တာဝန်ခံ ဦးသန်းထွန်းနိုင်တို့မှ ၅.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။




မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း