Monday 20 May 2013

မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းမှ ဦးအောင်ရွှေ အသက်(၉၆)နှစ်၏ နာရေးကိစ္စအား ကူညီဆောင်ရွက်


  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊ မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းဝင်ဖြစ်သည့်
ဦးအောင်ရွှေ -အသက်(၉၆)နှစ်၊    ဆန်ဆိုင်းဝန်ထမ်းအိမ်ယာ(အေ-၁၉)နေသူသည် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားသဖြင့် (၂၀-၅-၂၀၁၃)ရက်နေ့တွင် နေအိမ်မှမြို့မသုဿန်သို့ ပို့ဆောင်ရာတွင်  မေတ္တာရှင်သာရေး/နာရေး  အသင်း နာယက ဦးစိုင်းကျော်ဇံ ၊ ဥက္ကဌ ဦးဘိုစံ နှင့်ကော်မတီများ၊   အသင်းဝင်(၃၀)ဦးမှ နာရေးပို့ဆောင်ခြင်း၊ နာရေးအသင်းဝင်သတ်မှတ်ငွေ ထိုင်းဘတ်(၁၀၀၀၀)ကို နာရေးကူညီငွေအဖြစ် ပေးအပ်ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။







     အဆိုပါ အသင်းဝင်နာရေးတွင် မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်းအနေဖြင့် နာရေးတွင် လိုအပ်သည်များကို ကူညီပေးခြင်း၊ မိုးကာတဲများ၊ စားပွဲများ၊ ထိုင်ခုံများ အခမဲ့ကူညီပေးခြင်း နာရေးညစောင့်(၈)ဦးဖြင့် မိုးအလင်းပေါက် ကူညီစောင့်ရှောက်ပေးခြင်းဖြင့် နာရေးကူညီမှုအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း