Sunday 30 December 2012

အေးမြစည်အောင်သီလရှင်ကျောင်းတိုက် မှ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေ လှူဒါန်း

၂၀၁၂ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့ နံနက်(၁၁)နာရီက Top လက်ဖက်ရည်ဆိုင်၏ မင်္ဂလာခန်းမမှာ မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းသို့ အလှူငွေပေးအပ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။


မြန်မာငွေ (၁၀)သိန်းကျော် နှင့် ညီမျှသော ထိုင်းဘတ်ငွေ(၄၀၀၀၀)ကို  တာချီလိတ်မြို့ တော်ကော့ရပ်ကွက်ရှိ အေးမြစည်အောင်သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ကြီးများဖြစ်ကြသော ဒေါ်ခေမာစာရီ နှင့် ဒေါ်အေးသိင်္ဂီတို့မှ တာချီလိတ်မြို့တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေသော အသင်းတခုဖြစ်သည့် မေတ္တာရှင် သာရေး/နာရေးအသင်းအနေဖြင့် လူမှုအကျိုးကို ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ရည်စူးကာ လာရောက် လှူဒါန်းတာဖြစ်ကြောင်း သိရပါတယ်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း
web: http://mts.tachileik.net
မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

Monday 22 October 2012

အသင်းဝင်အမှတ်(၂၁၆)ရှိ သေဆုံးသူ ဦးခေါ်ခန့် ၏ နာရေးအတွက် အသင်းမှ (၁၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၂၁၆)၀င် ဦးခေါ်ခန့်သည် ၁၈.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို အသင်း၏ ဥက္ကဌ ဦးဘိုစံ နှင့် အတွင်းရေးမှူး ဦးကျော်စွာဝင်းတို့မှ ၂၂.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။




မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၉၃၁)ရှိ သေဆုံးသူ ကိုသက်နိုင်၏ နာရေးအတွက် အသင်းမှ (၁၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၉၃၁)၀င် ကိုသက်နိုင်သည် ၁၂.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို အသင်း၏ ဒု-ဥက္ကဌ ဦးအောင်အောင် နှင့် အတွင်းရေးမှူး ဦးကျော်စွာဝင်းတို့မှ ၁၂.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။



ထို့အပြင် ဆိုင်ကယ်အစည်းအရုံးအသင်း၏ ဥက္ကဌ ဦးဘိုစံ နှင့် ဆိုင်ကယ်တိုင်စီ(Taxi)အဖွဲ့သားများမှ စုပေါင်း၍ နာရေးကူညီငွေ (၁၃၃၆၀)ဘတ်လည်းကောင်း နောက်တိုးငွေ(၇၂၀)ဘတ်လည်းကောင်း စုစုပေါင်း ငွေ(၁၄၀၈၀)ဘတ် ကို သေဆုံးသူ ကိုသက်နိုင်၏ မိသားစုဝင်ထံသို့ နာရေးကူညီငွေအဖြစ် ပေးအပ်ကူညီခဲ့ကြပါသည်

မှတ်တမ်းဓါတ်ပုံများကို ကြည့်ရန်

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၃၉၀)ရှိ သေဆုံးသူ ဒေါ်နန်းအို့၏ နာရေးအတွက် အသင်းမှ (၈၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၃၉၀)၀င် ဒေါ်နန်းအို့သည် ၁၀.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၈၀၀၀) ဘတ် တိတိ ကို အသင်း၏ အလုပ်အမှုဆောင် ဦးသောင်းဖေ နှင့် ဦးမြင့်ချိုတို့မှ ၁၂.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။
မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၃၁၁)ရှိ သေဆုံးသူ ဒေါ်ကြည်မြင့်၏ နာရေးအတွက် အသင်းမှ (၈၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၃၁၁)၀င် ဒေါ်ကြည်မြင့်သည် ၈.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၈၀၀၀) ဘတ် တိတိ ကို အသင်း၏ အလုပ်အမှုဆောင် ဦးရှမ်းဘို နှင့် ဦးတင်မောင်လေးတို့မှ ၁၀.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။
မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၉၂၂)ရှိ သေဆုံးသူ ဦးဆမ်ယီ၏ နာရေးအတွက် အသင်းမှ (၁၀၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၉၂၂)၀င် ဦးဆမ်ယီသည် ၃.၁၀.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို အသင်း၏ အတွင်းရေးမှူး ဦးကျော်စွာဝင်း နှင့် ၀မ်မိုင်တာဝန်ခံ ဦးသန်းထွန်းနိုင်တို့မှ ၅.၁၀.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။




မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

Wednesday 26 September 2012

အသင်းဝင်အမှတ်(၈၀၉)ရှိ သေဆုံးသူ ဒေါ်နန်းသန်း၏ နာရေးအတွက် အသင်းမှ (၈၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၈၀၉)၀င် ဒေါ်နန်းသန်းသည် ၁၂.၉.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၈၀၀၀) ဘတ် တိတိ ကို အသင်း၏ ဦးစီးနာယက ဦးမောင်လေး နှင့် နာယက ဦးစိုင်းကျော်ဇံတို့မှ ၂၅.၉.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။

မေတ္တာရှင် သာရေး/နာရေ ကူညီမှုအသင်း

Wednesday 19 September 2012

တာလေငလျင်ဒဏ်ခံခဲ့ရသော ပြည်သူများကို သွပ်(၁၀၀)ချပ်လှူခဲ့သည့်အတွက် ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုလွှာပေးအပ်

၂၀၁၁.၃.၂၄ရက်နေ့က လှုပ်ခတ်ခဲ့သော တာလေငလျင်ကြောင့် ငလျင်ဒဏ်ခဲ့ခံရသည့်
 ပြည်သူများအတွက် မေတ္တာရှင် သာရေး/နာရေးအသင်းမှ ထိုင်းဘတ်ငွေ( ၁၁၄၀၀)ဘတ် တန်ဘိုးရှိသော သွပ်(၁၀၀)ချပ် လှူဒါန်းခဲ့သည့်အတွက် ၁၈.၉.၂၀၁၂တွင် ပြုလုပ်သော  ပြည်ခိုင်းဖြိုးပါတီ၏ ပထမအကြိမ်ပါတီညီလာခံတွင် အသင်းသို့ ဂုဏ်ပြုမှတ်တမ်းပေးအပ်သည်ဖြစ်ရာ အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာဝင်းမှ လက်ခံရယူခဲ့ပါသည်။



မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၉၃၈)ရှိ သေဆုံးသူ ဦးမောင်ဝင်း၏ နာရေးအတွက် အသင်းမှ (၁၀၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၉၃၈)၀င် ဦးမောင်ဝင်းသည် ၁၂.၉.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို ၁၄.၉.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၀၈၇)ရှိ သေဆုံးသူ ဒေါ်အားမီ၏ နာရေးအတွက် အသင်းမှ (၈၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၀၈၇)၀င်
 ဒေါ်အားမီသည် ၁၂.၉.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၈၀၀၀) ဘတ် တိတိ ကို ၁၄.၉.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။


မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၇၃၉)ရှိ သေဆုံးသူ ဦးထွန်းငွေ၏ နာရေးအတွက် အသင်းမှ (၁၀၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၇၃၉)၀င် ဦးထွန်းငွေသည် ၂၇.၈.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို ၂၉.၈.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။



မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၇၁၈)ရှိ သေဆုံးသူ ဦးမောင်ညို၏ နာရေးအတွက် အသင်းမှ (၅၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၇၁၈)၀င် ဦးကမ်ဇာဒါးလ်သည် ၂၇.၈.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၅၀၀၀) ဘတ် တိတိ ကို ၂၉.၈.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။



မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၉၇၅)ရှိ သေဆုံးသူ ဦးမောင်ညို၏ နာရေးအတွက် အသင်းမှ (၁၀၀၀၀)ဘတ်ကူညီငွေ ပေးအပ်


မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၉၇၅)၀င် ဦးမောင်ညိုသည် ၂၃.၈.၂၀၁၂တွင် သေဆုံးသွားသည်ဖြစ်ရာ ၎င်း၏နာရေးတွင် အသင်းမှ ကူညီငွေ (၁၀၀၀၀) ဘတ် တိတိ ကို ၂၅.၈.၂၀၁၂ခုနှစ်တွင် ပေးအပ်ခဲ့ပါသည်။


မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

အသင်းဝင်အမှတ်(၀၉၁)ရှိ သေဆုံးသူ ဦးမြင့်ဆွေ၏ နာရေးအတွက် အသင်းမှ (၁၀၀၀၀)ဘတ်ကူညီငွေ ပေးအပ်

မေတ္တာရှင် သာရေး/နာရေးကူညီမှုအသင်းတွင် ၀င်ရောက်ထားသူ အသင်းဝင်အမှတ်(၀၉၁)၀င် ဦးမြင့်ဆွေ၏ နာရေးတွင် အသင်းမှ ကူညီငွေ ၁၀၀၀၀ဘတ် တိတိ ကို ၂၀.၈.၂၀၁၂ခုနှစ်တွင်
ပေးအပ်ခဲ့ပါသည်။



မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

Friday 17 August 2012

အသင်းဝင်အမှတ် ( ၆၄၂ ) အား နာရေးကူညီငွေပေးအပ်

ပါလျှံ(၁)နေ ဦးပန်းနု အသင်းဝင်အမှတ် ( ၆၄၂ )သည် ကျိုင်းတုံမြို့၌ သေဆုံးသွားပါသဖြင့် သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဒု-ဥက္ကဌ ဦးအောင်အောင်နှင့် ဒု-ဥက္ကဌ ဦးညီညီတို့မှ ကျန်ရစ်သူမိသားစုအား နာရေးကူညီငွေ ( ၁၀၀၀၀ )ဘတ် ပေးအပ်ကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။


မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

တာလေမြို့နယ်ခွဲ တပ်မ(၅၇၁)မှ သေဆုံးသူအား တာချီလိတ်မြို့မ သုဿန်သို့ ကူညီပို့ဆောင်

သြဂုတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် တာလေမြို့နယ်ခွဲ တပ်မ(၅၇၁)တပ်ရင်းနေ ဒု-အရာခံဗိုလ် ထွန်းလှအောင် အသက်(၅၅)နှစ်၏ နာရေးတွင် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဥက္ကဌ ဦးဘိုစံ နှင့် အဖွဲ့ဝင် ဦးဘမိုးမြင့်တို့မှ ရင်ခွဲရုံသို့ သွားရောက်၍ ကူညီပေးခြင်းနှင့် နာရေးပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြပါသည်။



ပုံများကိုကြည့်ရန်

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

Sunday 22 July 2012

မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်းမှာ အရေးပေါ်သုံးယာဉ်ဝယ်ယူရန် စီစဉ်လျှက်ရှိ

မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်းအတွက် အရေးပေါ်သုံးယာဉ် ( ၃ )စီးကို ၀ယ်ယူရန်အတွက် အသင်း၏ နာယက ဖြစ်သူ ဦးဘိုလေး နှင့် ဦးထွန်းနေဦး တို့မှဆွေးနွေးတိုင်ပင် နေလျှက်ရှိပါသည်။

( ၁-စီးဝယ်ယူရန် စီစဉ်လျှက်ရှိသော ကား )

( ၂-စီးဝယ်ယူရန် စီစဉ်လျှက်ရှိသော ကား )

အသင်းအနေဖြင့် ယခုကဲ့သို့ အရေးပေါ်သုံး ယာဉ်များကို ၀ယ်ယူရန်အတွက် ၂၀၁၂ခုနှစ် ဇူလိုင်(၁၅)ရက်နေ့တွင်ပြုလုပ်ခဲ့သောနာယကများနှင့် ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ
ဆွေးနွေးပွဲမှ ကော်မတီဝင်များနှင့် နာယကတို့၏ အပြန်အလှန်ဆွေးနွေးမှုမှ အတည်ပြုခဲ့ကြခြင်းဖြစ်ပါသည်။

ယခုအခါ အရေးပေါ်သုံးယာဉ်ကို ၀ယ်ယူရန် လိုအပ်သည့်အရာများအတွက် အသင်း၏ နာယက နှစ်ဦးမှ တိုင်ပင်နေလျှက်ရှိပါသည်။

အထက်ပါ ကားပုံစံမှာ ၀ယ်ယူရန်အတွက် နမူနာပြထားခြင်းဖြစ်ပါသည်။

မကြာမှီတွင် အသင်းအနေဖြင့် အရေးပေါ်သုံးယာဉ်အား ၀ယ်ယူနိုင်တော့မည်ဖြစ်ပါသည်။

မေတ္တာရှင် သာရေး နာရေး ကူညီမှုအသင်း

Sunday 15 July 2012

မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ

၂၀၁၂ခုနှစ် ဇူလိုင်(၁၅)ရက်နေ့တွင် တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်ခန်းမ၌ မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်းမှ တတိယအကြိမ်မြောက်အဖြစ် နာယကများနှင့် ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ ဆွေးနွေးပွဲကို နံနက် (၁၀)နာရီတွင် စတင်၍ နေ့လည်(၁၂)နာရီတွင် တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ပြီးစီးစေခဲ့ပါသည်။


အခမ်းအနားတွင် မေတ္တာရှင်(သာရေး/နာရေး) ကူညီမှုအသင်း၏ ဦးစီးနာယကအပါဝင် နာယကအဖွဲ့ဝင်(၁၂)ဦးရှိသည်အနက် နာယက(၇)ဦးတက်ရောက်ခဲ့ကြသည်။


အစီအစဉ်များအရ အသင်း၏ လစဉ် ၀င်ငွေထွက်ငွေစာရင်းများကို အသင်းမှ စာရင်းအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်စိန်ကျော်မှ ရှင်းပြရာတွင် ၂၀၀၉(မေလ)မှ ၂၀၁၂ (ဇွန်လ)ထိ ၀င်ငွေမှာ ထိုင်းဘတ်ငွေ ( ၁၈၈,၂၆၉၀- တစ်ဆယ့်ရှစ်သိန်းရှစ်သောင်းနှစ်ထောင်ခြောက်ရာကိုးဆယ်ဘတ်)နှင့် ထွက်ငွေမှာ ( ၁၅၇၁၃၉၀ - တစ်ဆယ့်ငါးသိန်းခုနှစ်သောင်းတစ်ထောင်သုံးရာကိုးဆယ်ဘတ် )ဖြစ်ပြီး လက်ကျန်ငွေမှာ ( ၃၁၁၃၀၀ - သုံးသိန်းတစ်သောင်းတစ်ထောင်သုံးရာဘတ် )တို့ရှိကြောင်း သိရှိရသည်။


အသင်းအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ လိုအပ်နေသည်များကို နာယကများနှင့်
ကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးတင်ပြကြရာတွင် အသင်း၏ ဥက္ကဌဖြစ်သူ ဦးဘိုစံ နှင့်
ကော်မတီဝင်များမှ"အသင်းအနေဖြင့် အရေးပေါ်ယာဉ် ထားရှိရန် လိုအပ်ကြောင်းနှင့် ယခုလက်ရှိ မြို့မ သုဿန်အား လွယ်စတုံတွင် ရွေ့ပြောင်းပြီးသောအခါ သုဿန်တွင် မီးသဂြိုင်္လ်ရန် ခုံ(၃)ခုံ၊၊ ဇရပ် နှင့် လိုအပ်သည်များကို မေတ္တာရှင် အသင်းအနေဖြင့် ဖြည့်စွတ်နိုင်ရန်အတွက် အပြန်အလှန်
ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုအပြီးတွင် အသင်းမှ ယာဉ်နှစ်စီးဝင်ယူမည်ဟု သိရှိရသည်။


အသင်း၏ နာယကဖြစ်သူ ဦးဘိုလေး မှလည်း အသင်း၏လိုအပ်ချက်ဖြစ်တဲ့ ကားကို ၀ယ်ယူနိုင်ရေးအတွက် ၎င်းတို့အနေဖြင့် နာယကများမှ စုပေါင်း၍ အလှူခံပေးမည်ဖြစ်ပြီး၊

အရေးပေါ်ယာဉ်ဝယ်ယူရရှိပြီးလျှင် အမာခံအနေဖြင့် အသင်းသား ၃-၄ဦးထားရှိရန်လိုအပ်ပြီး လိုအပ်လာပါက သင်တန်းပါ ပို့ချပေးနိုင်ရန်အတွက် လိုအပ်ကြောင်းကို ပြောဆိုဆွေးနွေးလာသည်။



အပြန်အလှန်လိုအပ်နေသည်များကိုဆွေးနွေးကြအပြီးတွင် အသင်း၏နာယကဖြစ်သူများမှ အသင်း၏ အရေးပေါ်ယာဉ်ဝယ်ယူရန်အတွက် မတည်ငွေအဖြစ် နာယကများမှ လှူဒါန်းရာတွင်

  • နာယက ဦးအားဇီး ( အာခါတိုင်းရင်းသား ခေါင်းဆောင် ) မှ ထိုင်းဘတ်ငွေ ( ၂၀,၀၀၀-နှစ်သောင်းဘတ် )
  • နာယက ဦးဘိုလေး ( စီးပွားရေးလုပ်ငန်းရှင် ) မှ ထိုင်းဘတ်ငွေ ( ၁၀၀,၀၀၀-တစ်သိန်းဘတ် )
  • နာယက ဦးထွန်းနေဦး ( ဟိုတယ် တာချီလိတ် ) မှ ထိုင်းဘတ်ငွေ ( ၁၅၀,၀၀၀-တစ်သိန်းငါးသောင်းဘတ် )
  • ဒု-ဥက္ကဌ ဦးအောင်အောင် ( စီးပွားရေးလုပ်ငန်းရှင် ) မှ ထိုင်းဘတ်ငွေ ( ၂၀,၀၀၀-နှစ်သောင်းဘတ် )
  • ဒု-ဥက္ကဌ ဦးညီညီ ( စီးပွားရေးလုပ်ငန်းရှင် ) မှ ၎င်းအနေဖြင့် နိုင်ငံတော်သို့ အပ်နှံထားသော မော်တော်ယာဉ်တစ်စီးမှ စလစ်တစ်ခု တို့ကို လှူဒါန်းခဲ့ကြသည်။
မတည်ငွေအဖြစ် လှူဒါန်းငွေမှာ ထိုင်းဘတ်ငွေ ( ၂၉၀,၀၀၀ - နှစ်သိန်းကိုးသောင်းဘတ် ) ရရှိသည်။



နာယကများနှင့် ကော်မတီဝင်များအပြန်အလှန်ဆွေးနွေးမှုမှ လိုအပ်သည်များကို ဖြည့်စွတ်ပေးခြင်းအတွက် အသင်း၏ ဥက္ကဌဖြစ်သူ ဦးဘိုစံမှ အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပြီး ကြွရောက်လာသော နာယကများနှင့် ကော်မတီဝင်များ သတင်းမီဒီယာသမားများကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားပြီးစေခဲ့ပါသည်။



မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်း
မေတ္တာရှင် ( သာရေး/နာရေး ) ကူညီမှုအသင်းကြီးကို တာချီလိတ်မြို့နယ်ဆိုင်ကယ်အစည်းအရုံးအသင်းမှ ကြီးမှူး၍ ဆိုင်ကယ်တက္ကစီ(Taxi)သမားများနှင့် ၎င်းတို့ရဲ့ မိသားစုဝင်များ နာရေးဖြစ်ပေါ်လာသည့်အခါ အခက်အခဲမရှိ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး အခြေခံကာ၂၀၀၉ခုနှစ် မေလ(၁)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြသည်။

ယခု ၂၀၁၂ ဆိုလျှင် (၃)နှစ်ကျော်လာခဲ့ပါပြီ။ အသင်း၏ ဥက္ကဌမှာ ဦးဘိုစံဖြစ်ပြီး အသင်းကို နာယက( ၁၂ )ဦး နှင့် လက်ရှိအသင်းဝင်(၆၀)ဦးတို့ဖြင့် ဖွဲ့စည်းထားကြသည်။

အသင်းမှ လစဉ်ငွေကောက်ခံခြင်း နှင့် ပြန်လည်ကူညီထောက်ပံ့ခြင်း
အသင်းကို စစဖွဲ့စည်းချိန်တုန်းက မိသားတစ်စုကို တစ်လလျှင် ( ၂၀ )ဘတ်ထည့်ဝင်စေကြပြီး ဆိုင်ကယ်သမား ကိုယ်တိုင် နာရေးဖြစ်ပေါ်လာပါက နာရေးကူညီငွေအဖြစ် ( ၁၅,၀၀၀ )ဘတ် ထောက်ပံ့ပါသည်။ မိသားစုဝင်များ နာရေးဖြစ်ပေါ်လာပါက ( ၁၀၀၀၀ )ဘတ်၊ ( ၅၀၀၀ )ဘတ်၊ ( ၃၀၀၀ )ဘတ်ဟူ၍ သတ်မှတ်စည်းကမ်းအတိုင်း ကူညီထောက်ပံ့ပေးခဲ့ကြသည်။ အသင်းအနေဖြင့် ထောက်ပံ့ငွေ အခက်အခဲဖြစ်လာခဲ့သည်။
ဖြစ်ပေါ်လာသည့်အခက်အခဲမှာ တစ်လတွင် အသင်းဝင်နာရေးဖြစ်ပေါ်သူဦးရေဟာ ( ၃ ) ဦးနှင့်အထက် ရှိလာသည်ဖြစ်တာကြောင့် အသင်း၏ ရံပုံငွေအားနည်းနေသည်ဖြစ်တာနဲ့အညီ လစဉ် သတ်မှတ် (၂၀)ဘတ်ကနေ ( ၅၀ )ဘတ်ထိ တိုးမြှင့်ကောက်ခံဖို့ကိုအားလုံးသဘောတူချက်အရ ( ၅၀ )ဘတ်အဖြစ် သတ်မှတ်ကောက်ခံခဲ့ကြပြီး နာရေးကူညီငွေကိုလည်း ( ၁၅၀၀၀ )၊ ( ၁၀၀၀၀ )၊ ( ၈၀၀၀ )၊ ( ၅၀၀၀ )၊ ( ၃၀၀၀ )ဘတ် စသည်ဖြင့်ပြင်ဆင်သတ်မှတ်ခဲ့ကြပါသည်။

အသင်းမှ နာရေးကူညီ မှတ်တမ်း
၂၀၀၉(မေလ)မှ ၂၀၁၂(ဇွန်လ)အတွင်း အသင်းမှ နာရေးကူညီခဲ့ရာတွင် အသင်းဝင်နာရေး ( ၁၃၉ )ဦး နှင့် အသင်းဝင်မဟုတ်သည့် ပြင်ပနာရေး( ၁၇၉ )ဦး စုစုပေါင်း( ၃၁၈ )ဦးတို့ကိုကူညီဆောင်ရွက်ပေးခဲ့သည်။ အသင်းဝင်များကို အထက်ပါ နာရေးကူညီငွေများကို သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကူညီသော်လည်း အသင်းဝင်မဟုတ်သောပြင်ပနာရေးများကိုတော့ ထောက်ပံ့ငွေကြေးပါဝင်မှုမရှိပဲ အခေါင်း၊ နိဗ္ဗာန်ယာဉ်၊ မဏ္ဍာပ်၊ စားပွဲ၊ ထိုင်ခုံ၊ မော်တော်ယာဉ် နှင့် အခြားလူမှုရေးကိစ္စများကို ကူညီဆောင်ရွက်ပေးလျှက်ပါသည်။ သီးခြားအလှူရှင်အနေဖြင့် အသင်း၏ နာယကတစ်ဦးဖြစ်တဲ့ ဦးဘိုလေး မှလည်း အခေါင်းများကို လှူဒါန်းခဲ့ရာ အခုဆိုလျှင် ( ၇၀ )လုံးကျော်ခဲ့ပါသည်။



ပုံများကိုကြည့်ရန်

From: တာချီလိတ်အွန်လိုင်းစာမျက်နှာ



မေတ္တာရှင်(သာရေး/နာရေး)ကူညီမှုအသင်း