Friday 17 August 2012

အသင်းဝင်အမှတ် ( ၆၄၂ ) အား နာရေးကူညီငွေပေးအပ်

ပါလျှံ(၁)နေ ဦးပန်းနု အသင်းဝင်အမှတ် ( ၆၄၂ )သည် ကျိုင်းတုံမြို့၌ သေဆုံးသွားပါသဖြင့် သြဂုတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဒု-ဥက္ကဌ ဦးအောင်အောင်နှင့် ဒု-ဥက္ကဌ ဦးညီညီတို့မှ ကျန်ရစ်သူမိသားစုအား နာရေးကူညီငွေ ( ၁၀၀၀၀ )ဘတ် ပေးအပ်ကူညီခြင်းနှင့် အားပေးစကားပြောကြားခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။


မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း

တာလေမြို့နယ်ခွဲ တပ်မ(၅၇၁)မှ သေဆုံးသူအား တာချီလိတ်မြို့မ သုဿန်သို့ ကူညီပို့ဆောင်

သြဂုတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် တာလေမြို့နယ်ခွဲ တပ်မ(၅၇၁)တပ်ရင်းနေ ဒု-အရာခံဗိုလ် ထွန်းလှအောင် အသက်(၅၅)နှစ်၏ နာရေးတွင် မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်းမှ ဥက္ကဌ ဦးဘိုစံ နှင့် အဖွဲ့ဝင် ဦးဘမိုးမြင့်တို့မှ ရင်ခွဲရုံသို့ သွားရောက်၍ ကူညီပေးခြင်းနှင့် နာရေးပို့ဆောင်ပြီး မီးသင်္ဂြိုလ်ပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြပါသည်။



ပုံများကိုကြည့်ရန်

မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း